2 days ago
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် စစ်အာဏာသိမ်းအဖွဲ့ကို ဆန့်ကျင်ကန့်ကွက်ဆန္ဒပြသည့်နေရာမှာ ပြည်တွင်းက GEN Z တွေလို စည်းကမ်းစနစ်ကျသော လှုပ်ရှားမှုများကြောင့် နိုင်ငံတကာက အသိအမှတ်ပြုသော အခြေအနေကို ထိမ်းသိမ်းသွားဖို့ အထူးအရေးကြီး ပါကြောင်းသတိပေး လိုပါသည်။ ဆက်လက်မည့် လှုပ်ရှားမှုတိုင်းမှာ စည်းလုံးညီညွတ်ပြီး စည်းကမ်းရှိ ယဉ်ကျေးပြီး အိမ်ရှင်နိုင်ငံရဲ့ ဥပဒေစည်းမျည်းများ လိုက်နာဆောင်ရွက်ကြမယ်လို့ ယုံကြည်ပါတယ်။ ယခုလို နိုင်ငံအတွက် တက်တက်ကြွကြွ ပေးဆပ်နေကြတာကိုလဲ အထူးလေးစားပါတယ်။ အကောင်းဆုံးပြုမူ ဆောင်ရွက်ကြမယ် ... See MoreSee Less
- Likes: 116
- Shares: 8
- Comments: 4
ဟုတ္ကဲ့ပါ
ဟုတ္ကဲ့ပါရွင့္
Good to see Dear Burma
2 weeks ago
ဆရာမြန်မာပြည်က ထွက်လာခဲ့တဲ့ ၃၂ အတွင်းက နိုင်ငံရေးသမားမိသားစုထဲက တဦးရဲ့ ခံစားချက်ပါ။ ဖတ်ကြည့်ပေးပါ။ www.facebook.com/1378390376/posts/10218900917818805/ ... See MoreSee Less
DEAR Burma Academy was live.
3 weeks ago
... See MoreSee Less
မ်က္စိးမူးလာၿပီး
Can I leave some questions asking panelists via fb live comments here?
ဘာမှမကြားရပအဘူး
အလုပ်နားချိန်ပြန်နားထောင်ကြပါ
မကြားရဘူး ဆရာ
မကြားရဘူး ဆရာ
ဢမ်ႇလႆႈငိၼ်းလီလီၶႃႈ
အနောက်ကကြိူးဖြုတ်ဖို့တောင်မအားကြဘူးဆိုပါတော့...😔😔😔
အလုပ်ချိန်ဆရာတောင်းပန်ပါတယ်
သိပ်မကြားဘူးဆရာ😁
မကြားရဘူးဆရာ
ဆရာအဲ့တာဘာပြောကြတာလဲ
မတည်းပါ
3 weeks ago
တိဘက်က သိုးအရမ်းမွေးတယ် ။
သိုးတွေကို ဝံပုလွေက လာလာစားတော့ သိုးအုပ်ပိုင်ရှင်က လာစားတဲ့ ဝံပုလွေကို သတ်ဖို့ ညဖက်စောင့်တယ် ။
အဲ့ဒီမှာ အဖြစ် တစ်ခုသွားတွေ့တယ် ။
ညဖက် ဝံပုလွေလာခါနီး သိုးတွေက အနံ့ကြိုရတယ် ။
ဂဏာမငြိမ်တွေဖြစ်တယ် ။
အော်တယ် ဟိုပြေးသည်ပြေးလုပ်ကြတယ် ။
ခဏနေတော့ ဝံပုလွေဝင်လာတယ် ။
အေးအေးဆေးဆေးပဲ ဝင်လာတာ ။
တစ်ကောင်ထဲပဲ ။
သိုးတွေမှာ အော်ပြီး ပြေးကြတယ် ။
တစ်ခြံလုံးကို ညံနေတာပဲ ။
တကယ်က သိုးအုပ်က ရာချီတယ် အများကြီးပဲ ။
တစ်ကောင်တစ်ချက်တက်နင်းရင်ကို ဝံပုလွေ အစအနရှာရမှာမဟုတ်ဘူး ။
ဒါပေမယ့် ဝံပုလွေ အနားကို မကပ်ဘူး ။
ဝံပုလွေကို မထိရဲဘူး ။
အချင်းချင်းပဲ တိုးကြဝှေ့ကြတယ် အချင်းချင်းပဲ တက်ကြနင်းကြတယ် ။
ငယ်သံပါအောင်ပဲ အော်နေကြတယ် ။
ခဏနေတော့ ဝံပုလွေက
သိုးတစ်ကောင်ကို ဖမ်းကိုက်တယ် ။
အဖမ်းခံရတဲ့ သိုးခမြာ အော်လိုက်တာ !
ဘေးကသိုးတွေက ကြည့်နေတယ် !
အဖမ်းခံရတဲ့သိုးခမြာ သွေးတွေရွှဲပြီး
ရုန်းလိုက်ကန်လိုက်တာ !
ဘေးကသိုးတွေ ကြည့်နေတယ် !
ခဏနေတော့ အဖမ်းခံရတဲ့သိုး သေသွားတယ် !
အသံငြိမ်သွားတယ် !
ဘေးကသိုးတွေလဲ အသံငြိမ်သွားတယ် !
ဝံပုလွေဟာ သိုးအုပ်အလည်မှာ ကျကျနနထိုင်ပြီး
သူဖမ်းထားတဲ့သိုးကို အေးအေးဆေးဆေး ထိုင်စားတယ် ။ ဘေးက သိုးတွေက လဲ မြက်လေးဝါးတဲ့သူကဝါး
ချောင်လေးမှာခွေတဲ့သူကခွေ ဖြစ်ကုန်တယ် ။
ခဏကြာလို့ ဝံပုလွေက စားသောက်ပြီး ဘိုက်ဝလို့
ပြန်ထွက်သွားတဲ့အချိန်မှာ တချို့သိုးတွေက ပြန်အိပ်ပြီး ဟောက်တောင်ဟောက်နေပြီ ။
သူတို့စိတ်ချတယ်လေ ဒီနေတော့ ငါမဟုတ်ဘူး ။
ငါအစားမခံရဘူး ။
တခြားအစားခံလိုက်ရတဲ့သိုးဟာ ငါမဟုတ်ဘူး
ငါနဲ့မဆိုင်ဘူး ။
နောက်နေ့ဝံပုလွေလာရင် ငါမဟုတ်ဖို့ပဲ အရေးကြီးတယ် ။
ငါနဲ့လွတ်အောင်ငါနေမယ် ။
ဝံပုလွေမမြင်ဖို့ မမိဖို့ပဲ လိုတယ် ။
ဝံပုလွေမမိဖို့ တခြားသိုးကို နင်းဆိုလဲနင်းမယ်
ဝှေ့ဆိုလဲဝှေ့မယ် ဝံပုလွေကိုတော့
ကြည့်တောင်မကြည့်ရဲ ထိတောင်မထိရဲ ငါနေမယ် ။
ဒါဟာ တိရိစ္ဆာန်လောကမှာတော့ ဖြစ်နေကျပါပဲ ။
မထူးဆန်းပါဘူး ။
ဒါပေမယ့်ဒီလိုအဖြစ်မျိုး လူတွေကြားမှာ ဖြစ်လာရင်တော့ အတိုင်းထက်အလွန် ဝမ်းနည်းစရာပဲ ။
ကျွန်တော်တို့က လူတွေမဟုတ်လား ။
ဒါပေမယ့် အလွန်ကို စိတ်မကောင်းစရာပါ ။
ခုလူတွေကြားမှာ သိုးတွေ တွေ့ရပါတယ် ။
အချင်းချင်းနင်းတဲ့သိုးတွေ !
ချောင်လေးမှာ ကပ်နေတဲ့သိုးတွေ !
ဝံပုလွေစာ ကိုယ်မဖြစ်ဖို့အရေး !
တခြားသူကို ထိုးကျွေးနေတဲ့သိုးတွေ !
ဝံပုလွေကိုငဲ့ပြီး အချင်းချင်း လက်နက်နဲ့
ရန်ပြုပေးချင်တဲ့သိုးတွေ !
ဝံပုလွေကို ကာကွယ်နေတဲ့သိုးတွေ !
ဖြစ်ရလေဗျာ ။
ကျွန်တော်တို့က လူတွေလေ သိုးတွေမှ မဟုတ်ဘဲ ။
လူနဲ့ တိရာစ္ဆာန် မှာ ကွာတာက
အသိဉာဏ် စဥ်းစားဉာဏ်ပဲ ရှိပါတယ် ။
စဥ်းစားဉာဏ်မရှိပဲ မဆင်ခြင်ဘဲ လုပ်နေမယ်ဆိုရင်
လူဟာ တိရိစ္ဆာန်နဲ့မကွာတော့ပါဘူး ။
ပြီးတော့လေ တိရိစ္ဆာန်ဝံပုလွေက သိုးကိုသတ်တာ လောလောဆယ် သူစားဖို့ပဲ သတ်တာ သိလား ။
သူတစ်ကောင်နဲ့ဘိုက်ဝရင် ဆက်မသတ်တော့ဘူး ။
လူဝံပုလွေကတော့
ငါ့ဖို့ ငါ့သားသမီးဖို့ ငါ့မြေးဖို့ ငါ့မြစ်ဖို့နဲ့
လောဘက ဘယ်တော့မှ အတောမသတ်ဘူး ။
ဒါအတွက်သတ်ရမယ်ဆိုလဲ တစ်ရာနှစ်ရာ
တစ်ထောင်နှစ်ထောင် သူဂရုစိုက်မှာမဟုတ်ဘူး ။
စဥ်းစားဖို့ပါ ။
နိုင်ငံအသီးအပွင့် 70% လောက်ငါယူမယ်
မင်းတို့ကျန်တဲ့ပြည်သူတွေက ကျန်တဲ့ 30% လောက်ကို
ခွဲယူကြကွာ
အဲဲ့ဒီမှာ အချင်းချင်း နင်းချင်နင်းကြ
ကောက်ကျစ်ချင်ကောက်ကျစ်ကြ
ယုတ်မာချင်ယုတ်မာကြ
အချင်းချင်း နိုင့်ထက်စီးနင်းလုပ်ချင်လုပ်ကြ
အချင်းချင်းခေါင်းပုံဖြတ်ချင်ဖြတ်ကြ ဆိုပြီး
အုပ်စိုးတာကို အရိုးအရင်းကိုက်ရလဲ မနည်းဘူးဟ ဆိုပြီး ပြည်သူချင်းချင်းပဲ ရမယ်ရှာချင်တဲ့သူတေပဲ များနေရင်တော့လဲ ကျွန်တော်တို့နိူင်ငံရဲ့ ကံပေါ့ဗျာ ။
တစ်ခုတော့ရှိတယ် ။
အခုတက်ကြွလှုပ်ရှား စစ်အာဏာရှင်ကို
ဆန့်ကျင်နေကြသူတွေ အထူးသဖြင့် လူငယ်တွေ
ဟာ မှတ်သားတတ်တဲ့စိတ်ရှိတယ်ဆိုတာ မမေ့ကြပါနဲ့ ။ သမိုင်းက ခင်ဗျားတို့ အလုပ်တွေကို
မှတ်တမ်းတင်ထားပါလိမ့်မယ် ။
ကျတော်တို့လဲ မမေ့ကြပါဘူး ။
(ကျနော်နှင့် Facebook ပေါ်မှာ friends ဖြစ်နေတဲ့ သိုးတွေများရှိသေးလားဗျ။ တချို့ဆိုငြိမ်လွန်အားကြီးလို့ သေများသွားပြီလားလို့တောင်ထင်မိတယ်။)
#စာသားကြိုက်ရင်copyယူပါ
#crdပေးရန်မလိုပါ ... See MoreSee Less
အမှန်တွေ ရေးတတ်လိုက်တာ ဆရာရယ် ... တချို့လူတွေ သေသွားပြီထင်ရတယ် ကြောက်ပြီးထွက်မလာကြတော့ဘူး လောကကြီးက မကောင်းတာလုပ်တဲ့ လူတွေကြောင့် ပျက်စီးမှာထက် မကောင်းတာ လုပ်နေတာကို ကိုယ်နဲ့မဆိုင်ဘူး ဆိုပြီး နေတတ်အောင် နေကြတဲ့ လူတွေကြောင့် ပျက်စီးမှာက ပိုများပါတယ် ဆရာ
ရှိပါတယ်ရှင့် ဆုံးအောင်ဖတ်နေတာပါ ဆရာ
ရှိသေးတယ်ဆရာ
Copy